CPB အထွေထွေအတွင်းရေးမှူး၏ အစီရင်ခံစာ
လက်လျှော့အရှုံးပေးချင်တဲ့ အတွေးအခေါ်ဆိုတာက မှန် ကန်တဲ့ (မူ) တွေကို ပစ်ပယ်ပြီး ‘၂၀၀၈ အခြေခံဥပဒေ’ကို လက်ခံလိုက်တာကို ပြောတာပါ၊ ဥပမာအားဖြင့်ဆိုရင် ‘၁၉၉၀ ရွေးကောက်ပွဲ’ ကို ပြည်ဖုံးကားချပြီး ‘၂၀၁၀ ရွေး ကောက်ပွဲ’ ကို ၀င်ချင်တဲ့ အတွေးအခေါ်၊ ‘တိုက်ဖျက်လို့ မရရင် သူ့အောက်ကို ခေါင်းလျှိုဝင်လိုက်’ ဆိုတဲ့ အတွေး အခေါ်မျိုး ဖြစ်ပါတယ်။
ငုရင်ပြင်.... ဆိုတဲ့ စကားလုံးက ကျနော်တို့ ခေါင်းဆောင် ရဲဘော် တိုက်မောင်းရဲ့ ကဗျာတ ပုဒ်ပါ။ သူဟာ.. တော်လှန်ရေး တာဝန်များကို ထမ်းဆောင်နေရင်း ၁၉၉၅ ဧပြီလ-၂၆ ရက်နေ့ မှာ ကျဆုံးသွားပါတယ်။ ဒီနေ့ဆိုရင်တော့ ရဲဘော် တိုက်မောင်း ကျဆုံးတာ (၁၃) နှစ် ရှိခဲ့ပါပြီ။ နှစ်ကာလတွေကြာသော်လည်း ကျနော်တို့ ခေါင်းဆောင်ကို သတိရတမ်းတ လွမ်းဆွတ် နေမြဲ ပါ။ တော်လှန်ရေးထဲမှာ အချောင်သမားတွေကို တွေ့မြင်ရလေလေ..၊ အခုလို.. ခက်ခဲရှုပ်ထွေး နေတဲ့ ကာလမှာ ရဲရင့် တည်ကြည် ပြတ်သားတဲ့ ခေါင်းဆောင်မှုကို ရှာဖွေမတွေ့ လေလေ..၊ တော်လှန်ရေးအပေါ်သဘောထား မှန်ကန်သူတွေကို မတွေ့လေ လေ...၊ ကျနော်တို့ကတော့ ရဲဘော် တိုက်မောင်းကို တမ်းတနေဆဲပါ...။ ဒီနေ့မှာ သူ့ကို ဂုဏ်ပြုရင်း.. ငုရင်ပြင်.... ဆိုတာ ကို ဖေါ်ပြလိုက်ပါတယ်။
နေကြာ
ဘူတာစဉ်တွေမှာ တက်သူတွေလည်း တက် ဆင်းသူတွေလဲ ဆင်း သူ့ ခရီး သူသွား သူ့ သဘော သူဆောင် သူ့ သမိုင်း သူရေး ကြတာဘဲ။
နွေဆူးလင်္ကာ
ငါတို့နိုင်ငံမှာ ... ဘယ်လောက်ပဲ ဖမ်းဆီးချုပ်နှောင်ထားပါစေ ဘယ်တော့မှ စိတ်ဓါတ်ကျ မသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်ရှိတယ်။
ရဲဘော် ဖိုးသံချောင်း
ဒီနေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လုပ်နေတာတွေဟာ သူတို့ ဖွဲ့စည်းပုံဥပဒေနဲ့ မညီညွတ်ဘူးလို့ အချိန်မရွေး အပြစ်ရှာ နိုင်တယ်ဆိုတာ မေ့လို့မဖြစ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို တားဆီးပိတ်ပင်ဖို့ တိုက်ရိုက်ရည်ရွယ်ပြီး သတ်မှတ်ထားတဲ့ နိုင်ငံတော် အကြီးအကဲ ဆိုတဲ့ အခန်းလိုဟာကတော့ ပြောနေစရာတောင် မလိုပါဘူး။ ကလေးဆန်လိုက်လေလို့သာ မှတ် ချက် ချရမယ့်ဟာမျိုးပါ။
ငြိမ်းစု
ပစ်ခတ်မှုကြောင့် ပြေးကြလွှားကြနဲ့ ရှုပ်ထွေးနေချိန်၊ သေနတ်သံတွေ ဆူညံနေချိန်၊ ပန်းခွေတွေနဲ့ ချီတက်နေတဲ့ ကျောင်းသူ ၄ဦးကတော့ သေနတ်သံ တွေကြောင့် ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ပြေးလွှားခြင်း၊ ရပ်တန့်ခြင်း မရှိဘဲ သူတို့ နောက်ကျော က သူတို့ကို ပစ်မယ်ဆိုရင် သူတို့တွေ အဲ့ဒီလမ်းမကြီးပေါ်မှာပဲ အသေခံသွားမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ ကျဆုံးသွားတဲ့ အာဇာ နည် သူရဲကောင်းတွေကို ဂါရ၀ပြုဖို့ ဗိုလ်ချုပ် ကျောက်ရုပ်ဆီကိုသာ ဦးတည်ချီတက်နေပါတယ်။
ဘာသာပြန်သူ-တိုက်စံ
မြောက်ဘက်ဆီတွင် ကုန်းကမူ တခုပေါ်ရှိ တလင်း မြေပြန့် တည်ဆောက်ထားသော ဟောင်းအိုနေသည့် အဆောက်အအုံ တခုရှိပါသည်။ ဌာပနာတိုက် တခုဖြစ်မည်ဟု ကျွန်တော် ထင်မှတ်လိုက်မိပါသည်။ သို့ရာတွင် မဟုတ်ပါ။ ၎င်းမှာ ကျွန်တော် တို့ နေထိုင်ရန် ရွေးချယ်ထားသော အဆောက်အအုံ ဖြစ်နေပါသည်။ အကြောင်း ကြောင်းတို့ကြောင့် ထိုအဆောက်အအုံကို ကျွန်တော် စွဲလန်းနှစ်သက်သွားမိပါသည်။ အဆောက်အအုံကို ပြည့်စုံစွာ မွမ်းမံ ပြင်ဆင်ထားသည့် အတွက်ကြောင့် မဟုတ် ပါ။
မိုးထက်နေ
သမီးနဲ့သားကို ငေးကြောင်နေတဲ့ မျက်လုံးတွေ အောက်မှာ ခြောက်သွေ့နေတဲ့ မျက်ရည်စီး ကြောင်းတွေနဲ့ အတူတွေ့လိုက် ရလို့ စိတ်အေးရပေမဲ့ မိအေး တူမလေးကိုတော့ မတွေ့ဘူး။ အခြေအနေငြိမ်သက် စပြုတာနဲ့ ကျုပ်တို့လဲ အိမ်ပြန်ကြမယ် ဆိုပြီး ကလေးတွေကို မိအေးတစ်ယောက် ကျနော်တစ်ယောက် လက်ဆွဲပြီး ထွက်အလာမှာ လဲ ကျနေတဲ့ သစ်ပင်ကြီး အဲဒီ အောက်မှာ လူသေကောင်တွေ။ ချက်ခြင်းပဲ မိအေးနဲ့ ကလေးတွေကို ဘုန်းကြီးကျောင်းမှာ ဆက်နေခဲ့ဖို့မှာရင်း အိမ်ရှိရာကို ကျုပ် တစ်ယောက်ထဲ ပြန်လာခဲ့တယ်။