မကဒတ အပေါ်သုံးသပ်ချက် (မကဒတ ဒုတိယ မျိုးဆက်ဝင် တဦးမှ ဆွေးနွေးသည်)
“ပါရမီသက်ကုန်သွားလျှင် ပညာသက်ဖြင့် ဆက်ရမည်” ဟူသော စကားရပ်ကို ကြားဖူးသည်။ မကဒတ၏ လက်ရှိအခြေအနေသည်လည်း ထိုအတိုင်းပင်။ ဤနေရာတွင် “ပါရမီသက်” ဆိုသည်မှာ ၁၃၅၀ ပြည့် ဒီမိုကရေစီအရေးတော်ပုံကို ရည်ညွန်းခြင်းဖြစ်သည်။ “ရှစ်လေးလုံး - ပါရမီသက်” အစား “ကျိုးစား အားထုတ်မှု - ပညာသက်” ဖြင့် ဆက်ရမည့် အခြေအနေအချိန်အခါသို့ ဆိုက်ရောက်လာပြီဟု သုံးသပ်ယူဆသည်။ “ပညာသက်” ဘာဖြစ်သင့်သနည်း။ ထိုသည်ကို ဗမာပြည် ကျောင်းသားလှုပ် ရှားမှု၊ ကျောင်းသားအဖွဲ့အစည်းများ (အထူးသဖြင့် ဗကသ) တိုက်ပွဲစဉ်ဆက်၊ သမိုင်းအစဉ်အလာများနှင့်အညီ ရှာဖွေရမည်ဖြစ်သည်။ ယခုနှစ်သည် ၁၃၅၀ ပြည့်အရေးတော်ပုံ အနှစ် ၂၀ ပြည့်နှစ် ဖြစ်သလို ABSDF (ကျောင်းသားတပ်မတော်) ၏ အနှစ် ၂၀ ပြည့်နှစ်လည်း ဖြစ်သည်။ အနှစ် ၂၀ ဟူသည် မျိုးဆက်တဆက်ဖြစ်သည်။ ABSDF အနှစ် ၂၀ အား သုံးသပ်ခြင်းသည် ABSDF ပထမမျိုးဆက်အား သုံးသပ်ခြင်းပင်ဖြစ်သည်။ ABSDF ၏ အနှစ် ၂၀ ခရီးအား ပြန်ကြည့်သောအခါ --- ABSDF ပထမမျိုးဆက်၏ ကောင်းမှုများအဖြစ် ---
ဤကောင်းမှုများအတွက် ပထမမျိုးဆက်ကို ကျေးဇူးတင်ရမည်ပင်။ ထို့အပြင် ABSDF ပထမမျိုးဆက် အနှစ် ၂၀ အတွင်း တနိုင်ငံလုံးလက္ခဏာဆောင်သည့် ထိုးစစ်ကြီး များအဖြစ် အောက်ပါတို့ကို တွေ့ရမည်ဖြစ်သည်။
တနိုင်ငံလုံးသဘောဆောင်သည့် စစ်ရေးအောင်မြင်မှုအဖြစ် …
ဤသည်လည်း ABSDF ပထမမျိုးဆက်၏ ကောင်းမှုဟုပင် ယူသော်ရမည်ထင်သည်။ ဆက်လက်၍ မကဒတ ပထမမျိုးဆက်၏ မကောင်းမှုများအား ဆွေးနွေးပါမည်။
ယနေ့ ရောက်ရှိနေသည့် တပ်ဦး၏ မျိုးဆက်လက္ခဏာအား ဆက်လက် ဆွေးနွေးပါမည်။ မျိုးဆက်တွက်ချက်မှု နှစ်ကာလအရ အနှစ် ၂၀ လျှင် မျိုးဆက် တဆက်ဖြစ် သည်။ မကဒတသည် ၂၀၀၈ သို့ရောက်သောအခါ မျိုးဆက် တဆက်သို့ ကူးပြောင်းသွားပြီ ဖြစ်သည်။ မကဒတ ပထမမျိုးဆက်နှင့် မကဒတ ဒုတိယ မျိုးဆက်ဟူ၍ ဖြစ်သည်။ ထိုမျိုးဆက် ၂ ခုသည် သီးခြားလက္ခဏာများကိုယ်စီ ရှိနေကြသည့် မျိုးဆက်များဖြစ်သည်။ ထိုသီးခြားလက္ခဏာများအား ဆွေးနွေးပါမည်။
(ဤနေရာတွင် အလျှင်းသင့်သဖြင့် အနှစ် ၂၀ ကာလ တပ်ဦးအတွင်း ပေးခဲ့သည် နိုင်ငံရေးသင်တန်း အမျိုးအစားများအား မိမိ သိမှီသလောက် တင်ပြသွားပါမည် … - အမေရိကန်သံတမန်ဂုရုကြီး ကစ်ဆင်းဂျား၏ နာမည်ကျော် လွန်းပြန် သံတမန်နည်းနာသင်တန်း၊ - အကြမ်းမဖက်နိုင်ငံရေးအန်တုမှု (PD) သင်တန်း - လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ အခြေခံဥပဒေ၊ ဖက်ဒရယ်သင်တန်း - သတင်းထောက်သင်တန်း - နိုင်ငံခြားရေးသင်တန်း၊ - အသွင်ကူးပြောင်းရေးကာ တရားဥပဒေ စိုးမိုးမှုသင်တန်း - ပဋိပက္ခ ညှိနှိုင်းအဖြေရှာခြင်းသင်တန်း - လူထုအဓိက လူ့အဖွဲ့အစည်းသင်တန်း - (CO) သင်တန်း … စသည် လက်နက်ကိုင်တော်လှန်ရေးကို အားမပေးသည့် အတွေးအခေါ် အခင်းအကျင်းကို ဖန်တီးပေးမည့် နိုင်ငံရေးသင်တန်းများကိုသာ တွေ့ရမည်ဖြစ်သည်။)
(ဤနေရာတွင် အလျှင်းသင့်သဖြင့် ထိုကမ္ဘာ့အခင်းအကျင်းမှ ဖန်တီးလိုက်သည့် ထင်ရှားထူးခြား သည့် နိုင်ငံတကာ အခြေအနေအား မိမိသိမီသမျှ တင်ပြပါမည်။ - “ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ပွဲတွင် ကြားမရှိ ရန်သူနိုင်ငံနှင့် မိတ်ဆွေနိုင်ငံ သာရှိသည်” ဟူသော နိုင်ငံတကာတည်ငြိမ်ရေးကို ခြိမ်းခြောက်သည့် ပေါ်လစီအား အမေရိကန်မှ ထုတ်ပြန်ကြေငြာခြင်း - အာဖဂန်နစ္စတန်ကို ကျူးကျော်စစ်ဆင်နွှဲ၍ သိမ်းပိုက်ခြင်း - မိစ္ဆာဝန်ရိုးစွန်း ၃ နိုင်ငံ စာရင်းအား တင်သွင်း ကြေညာခြင်း - အီရတ်နိုင်ငံအား ကျူးကျော်စစ်ဆင်နွှဲ၍ သိမ်းပိုက်ခြင်း - ပါကစ္စတန်နိုင်ငံ စစ်အာဏာသိမ်းပွဲအား အမေရိကန်မှ ထောက်ခံလိုက်ခြင်း - ထိုင်းအာဏာသိမ်းပွဲအား အမေရိကန်မှကန့်ကွက်မှုမပြုခြင်း … စသည့် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အကြမ်းမဖက်ရေးစံများမှ ခွဲထွက်လာသည့် အခင်းအကျင်းများကို တွေ့ရမည် ဖြစ်သည်။)
ဤသည်များသည် မျိုးဆက် ၂ ဆက်၏ အခြေခံကွဲပြားသည့် ကြင်အင်လက္ခဏာများဖြစ်သည်။ ဆက်လက်၍ မျိုးဆက် ၂ ဆက်၏ ချိတ်ဆက်မှုနှင့် ကျရောက်မည့် တာဝန်အသီးသီးကို ဆွေးနွေးပါမည်။ တပ်ဦး၏ စုဖွဲ့ပုံကို ဤသို့ချိတ်ဆက် တာဝန် ခွဲဝေရမည်ဟု မြင်သည်။ “ပထမမျိုးဆက်သည် မဏ္ဍိုင်အင်အား၊ ဒုတိယမျိုးဆက်သည် အဓိက အင်အား။” ထိုသို့ အဘယ့်ကြောင့် ပြောသနည်း။ သမိုင်းဆိုင်ရာ မုချလက္ခဏာအရ ပထမ မျိုးဆက်သည် ရပ်တန့်နေသည့် မျိုးဆက်ဖြစ်သည်။ ဒုတိယ မျိုးဆက်သည် အခိုင်အမာ အချက်အလက်များအရ မုချတိုးပွားလာမည့် မျိုးဆက် ဖြစ်သည်။ ဒုတိယမျိုးဆက် မည်သို့တိုးပွားမည်နည်း။ မရှိရာမှာ ရှိရာသို့ တိုးပွားမည်။ အရေအတွက်မှ အရည်အချင်းသို့ တိုးပွားမည်။ ပထမမျိုးဆက် အဘယ့်ကြောင့် မဏ္ဍိုင်အင်အားစုဖြစ်သနည်း။ မကဒတ၏ပထမမျိုးဆက်သည် မကဒတ ဖွဲ့စည်းဖြစ်တည်မှုနှင့် ပတ်သက်လျင် ပဓာန ကာယကံရှင်များ ဖြစ်သည်။ ၎င်းတာဝန်ကို မကဒတတွင် ဆက်လက်တာဝန်ထမ်းဆောင်နေကြသည့် ပထမမျိုးဆက်ဝင်များမှ ငြင်းပါယ်ခွင့်မရှိ။ မကဒတတွင် ဆက်လက်ကျန်ရှိနေသည့် ပထမမျိုးဆက်ဝင်များ၏ တာဝန်ကြီးလေးမှုသည် ထိုနေရာမှ စတင်သည်။ မကဒတတွင် ဆက်လက်ကျန်ရှိနေသည့် ပထမမျိုးဆက်ဝင်များသည်
စသည့် လုပ်ငန်းတာဝန်များအား မကဒတ၏ ပထမမျိုးဆက်များမှ ပဓာနကျသည့် မဏ္ဍိုင်အခန်းမှ နေ၍ အဓိကအင်အားစုဖြစ်သည့် ဒုတိယမျိုးဆက်နှင့်လက်တွဲကာ တက်ကြွသည့်တာဝန်ယူတာဝန်ခံ စိတ်ဓာတ်ဖြင့် ဆက်လက်ထမ်းဆောင် ရမည်ဖြစ်သည်။ မကဒတ တွင် ဆက်လက်ကျန်ရှိနေသည့် ပထမမျိုးဆက်ဝင်များလုပ်ဆောင်ရမည့် တာဝန်များတွင် မကဒတ တည်တံ့ရေး၊ ခိုင်မာရေးသည် အခရာ အကျဆုံး ဖြစ်သည်။ မကဒတ တည်တံ့ရေး၊ ခိုင်မာရေးအတွက် မကဒတ ပထမမျိုးဆက်၏ နိုင်ငံရေးဟောင်း နိုင်ငံရေးအမှားများအားလုံးကို အကြွင်းမဲ့ဆန့်ကျင်သွားရန် လိုသည်။ အထူးအားဖြင့် ဂိုဏ်းဂဏ၀ါဒလုပ်ဟန်သည် မကဒတအား နင်းချေရာတွင် အဆုံးအဖြတ် ကျခဲ့သည်။ ၎င်းအား အကုန်အစင်တိုက်ဖျက်သွားရန်လိုသည်။ ဗဟိုဦးစီး ဒီမိုကရေစီကို အားကောင်း တောင့်တင်းသည့် လုပ်ဟန်ကို ထူထောင်ရန်လိုသည်။ လူကို ဗဟိုပြုစဉ်းစားသည်ထက် မူကို ဗဟိုပြုစဉ်းစားသည့် လုပ်ဟန်ကို ထူထောင်ရမည်။ တဦးချင်း (သို့) အစုအဖွဲ့တခု၏ စဉ်းစားချက်အား လက်တွေ့လုပ်ငန်းစဉ်အဖြစ် လုပ်ကိုင်သည်ထက် အစည်းအဝေး ဆုံးဖြတ်ချက်များအား လက်တွေ့ လုပ်ငန်းစဉ်အဖြစ် လုပ်ကိုင်သည့် လုပ်ဟန်ကို ထူထောင်ရမည်။ ဗဟိုဦးစီး ဒီမိုကရေစီစနစ်ကို အားကောင်းရန် ထူထောင်လုပ်ဆောင်ခြင်းသည် ကျောင်းသား တပ်မတော် အား စေတနာအပါဆုံး တပ်တည်ဆောက်ရေးလုပ်ဟန်ဖြစ်သည်။ ဗဟိုဦးစီး ဒီမိုကရေစီပျက်ခြင်းသည် အဖွဲ့အစည်းပျက်စီးခြင်းပင် ဖြစ်သည်။ မကဒတသည် ဗမာပြည်ကျောင်းသားထုနှင့် ကျောင်းသားအဖွဲ့အစည်းများအားလုံး၏ လက်နက်ကိုင် တော်လှန်ရေးစစ်ကြောင်းဖြစ်ကြောင်းကို အခိုင်အမာ ထုထောင်ရ မည်။ မကဒတ၏ တပ်ဦးဖြစ်မှုသည် လက်နက်ကိုင် တော်လှန်ရေးတာဝန်ကို မည်မျှ တာဝန်ကျေအောင် ထမ်းဆောင်နိုင်သည် ဆိုသည့် အပေါ်တွင် မူတည်သည်။ ကျောင်းသားနှင့် နိုင်ငံရေးဆောင်ရွက်မှု အပိုင်းအား ဗိုလ်ချုပ်အောင်ဆန်း၊ သခင် ဗဟိန်းတို့မှ ရှင်းလင်းခဲ့ပြီး ဖြစ်သည်။ ယခု ဆက်လက်ရှင်းလင်းရန်လိုသည်မှာ ကျောင်း သားများ လက်နက်ကိုင်တော်လှန် ရေးလုပ်သည့် အဆင်အလာရှိ၊ မရှိဆိုသည့် ကိစ္စဖြစ်သည်။ ကျောင်းသားသမဂ္ဂ အစဉ်အလာတွင် လက်နက်ကိုင် တော်လှန်ရေး လုပ်ခဲ့သည့် အစဉ်အလာများရှိကြောင်း အခိုင်အမာဆိုပါသည်။ ကျောင်းသားသမဂ္ဂများသည် အ ကြမ်းမဖက်သော နိုင်ငံရေးတိုက်ပွဲများသာ ဆောင်ရွက်ကြောင်း ပြောကြားချက်များသည် ကျောင်းသားများအား တိုက်ပွဲလမ်းမှားသို့ ပို့ဆောင်နေသည့် အယူအဆ သာလျှင်ဖြစ်သည်။ တနည်းအားဖြင့် အကြမ်းမဖက်ရေး နိုင်ငံရေးမီးရှုးမီးပန်းများလွှတ်ကာ စီးပွားဖြစ်နေသူများ၏ နိုင်ငံရေး မှိုင်းတိုက်မှုသာလျှင် ဖြစ်သည်။ အစဉ်အလာ အရ ကျောင်းသားများသည် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲတွင် လက်နက်ကိုင် တော်လှန်ရေးအတွက် ပြင်ဆင်မှုများနှင့် လက်တွေ့အရ ပါဝင်မှုများရှိခဲ့ကြောင်း တွေ့ရမည် ဖြစ်သည်။ နယ်ချဲ့အား လက်နက်စွဲကိုင်တိုက်ပွဲဝင်ရန်အတွက် ဗကသ သည် “ကျောင်းသားသံမဏိတပ်” အားဖွဲ့စည်းခဲ့သည်။ ထို “ကျောင်းသားသံမဏိတပ်”၏ ဖွဲ့စည်း မှု၊ သင်တန်းပေးမှု အားလုံးသည် စစ်တပ်တခု၏ ဖွဲ့စည်းမှုနှင့် သင်တန်းများ ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ အခိုင်အမာ အချက်အလက်အရ ပြောရလျင် ရဲဘော်သုံး ကျိပ်ဝင် ဗိုလ်ရန်နိုင်သည် ကျောင်းသားသံမဏိတပ် အား စတင် ထူထောင်သူပင်ဖြစ်ပြီး သံမဏိ ထွန်းရှိန်ဟု ပင်တွင်သည်။ လက်တွေ့ အချက်အလက်အရလည်း နယ်ချဲ့ အား လက်နက်ကိုင် တော်လှန်ရန်အတွက် ရဲဘော်သုံးကျိပ် စုစည်းသောအခါ ကျောင်းသားသမဂ္ဂ၀င် ၃ ဦး ပါဝင်ခဲ့သည်။ ဗကသ ဥက္ကဌ ဖြစ်သည် ကိုလှမောင် (ဗိုလ်ဇေ ယျ)၊ ဗကသ အတွင်းရေးမှူးဖြစ်သည် ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)၊ နယ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဖြစ်သည့် ကိုလှ (ဗိုလ်ကျော်ဇော)တို့ဖြစ်သည်။ ထို့အချက်အလက်များ အရ ကောက်ချက်ချရလျှင် ကျောင်းသားတပ်မတော်သည် ကျောင်းသားသံမဏိတပ် ၏ အဆက်ပင်ဖြစ်သည်။ ကျောင်းသားများ လက်နက်ကိုင် တော်လှန်ခြင်းသည် ကျောင်းသားသမဂ္ဂများ သမိုင်းအစဉ်အလာနှင့် ညီညွတ်သည်။ ထိုတရားကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချီရမည်ဖြစ်သည်။ ယနေ့ လုပ်ရမည့် ကျောင်း သား ၀တ္တရားဆိုင်ရာ ၀ါဒဖြန့်ချီရေးလုပ်ငန်းလည်းဖြစ်သည်။ မကဒတအား တပ်ဦးအခန်း ပြန်လည်မြင့်တင်ရေး၏ အတွေးအခေါ်ဆိုင်ရာ၊ တရားဆိုင်ရာ၊ အစဉ်အလာ ဆိုင်ရာ လှုပ်ရှားမှုလည်း ဖြစ်သည်။ မကဒတ သည် ကျောင်းသား သမဂ္ဂများ တရားဝင် တည်ရှိနိုင်ခွင့် မရှိခြင်းဆိုသည့် အခြေအနေမှ ပေါ်ထွက်လာ ရခြင်းဖြစ်သည်။ ဗမာပြည် ကျောင်းသား သမဂ္ဂများ၊ ကျောင်းသားလှုပ်ရှားမှုများ၏ သမိုင်းအစဉ်အလာအား ပြန်လည်ကြည့်ဆိုပါက ကျောင်းသားထု ညီညွတ်ရေးအတွက် တစိုက်မက်မက် လုပ်ဆောင်ခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ ယနေ့အခြေအနေအရ မကဒတသည် ကျောင်းသားအဖွဲ့အစည်း အားလုံးတွင် အခိုင်အမာဆုံး တည်ရှိနေသည့် ကျောင်းသားအင်အားစုဖြစ်သည်။ အခိုင်အမာ အချက်အလက်များအရ ကျောင်းသားညီညွတ်ရေးတာဝန်အား မကဒတမှ မုချထမ်းဆောင်ရမည်ဖြစ်သည်။ ကျောင်းသားညီညွတ်ရေးတာဝန်အား ထမ်းဆောင်ခြင်းသည် မကဒတ တည်တံ့ခိုင်မာရေးအတွက် သော့ချက်ဖြစ်သလို မကဒတ တပ်ဦးအခန်း ပြန်လည်ရရှိရေးအတွက် လည်း အရေးကြီးသည့် လုပ်ငန်း ဖြစ်သည်။ ထိုအပြင် မကဒတအနေဖြင့် ရှေ့ဆက်လက်သွားရမည့် နိုင်ငံရေးခြေလှမ်းများအတွက်လည်း အသက်တမျှ အရေးကြီးသည်။ မကဒတ ဆက်လက်သွားသင့်သည့် နိုင်ငံရေးခြေလှမ်း (၂) လှမ်းအား ဆက်လက်ဆွေးနွေးပါမည်။
ကျောင်းသားထုညီညွတ်ရေးနှင့်ပတ်သက်၍ ကျောင်းသားအဖွဲ့အစည်းများညီညွတ်ရေးကို ဆောင်ရွက်ရမည် ဖြစ်သည်။ ၁၉၆၂ စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ဗမာပြည်တွင် ကျောင်းသားသမဂ္ဂ ၃ ကြိမ် ပေါ်ပေါက်ခဲ့ဖူးသည်။ ၁၉၈၈ ကိုမင်းကိုနိုင်၊ ကိုမိုးသီးဇွန်တို့မှ ဖွဲ့စည်းခဲ့သည့် ကျောင်းသားသမဂ္ဂ၊ ၁၉၉၃ အိုးဝေဇော် (ရဲဘော် ထက်မိုး) နှင့် ရဲဘော်များမှ ဖွဲ့စည်းခဲ့သည့် ဗကသ (ယာယီ)နှင့် ၂၀၀၇ စက်တင်ဘာ လှုပ်ရှားမှုတွင် ပေါ်ပေါက်လာသည့် မျိုးဆက်သစ် (ဗကသ) တို့ပင်ဖြစ်သည်။ ၈၈ ကျောင်သားသမဂ္ဂသည် ကျောင်းသားတပ်မတော်အဖြစ် ယနေ့တိုင် ရပ်တည်နေဆဲဖြစ်သည်။ ၉၃ ဗကသ (ယာယီ) သည် ဗကသ နိုင်ငံခြားရေးကော်မတီအဖြစ် ရပ်တည်လျှက်ရှိသည်။ အနီးဆုံးနေရာမှစတင်ကာ ညီညွတ်ရေးကို ဖေါ်ဆောင် ရမည်။ ထိုညီညွတ်ရေးဖြင့် ပြည်တွင်းအင်အားစုဖြစ်သည့် မျိုးဆက်သစ် ဗကသအား ဆက်လက်၍ ညီညွတ်ရေးကို ဖေါ်ဆောင်ရမည်။ ပြည်တွင်း ကျောင်းသားအင်အားစုများထဲတွင် အသစ်ဖြစ်သော ၂၁ ရာစု ဗမာပြည် ယဉ်ကျေးမှု အခင်းအကျင်း အတွင်းမှ ပေါ်ထွက်လာသည့် အသစ်ဖြစ်သော ကျောင်း သား အင်အားစုကို အထူးပြု ပြောလိုပါသည်။ ၂၁ ရာစု ဗမာပြည်တွင် ယခင်နှင့်မတူသည့် ပညာရေး အဆောက်အဦသစ် တခုပေါ်ခဲ့သည်။ ဗုဒ္ဓဘာသာ တက္ကသိုလ်။ ၂၀၀၇ လှုပ်ရှားမှု၌ သံဃာတော်များ၏ “သောသုဇန ဘိက္ခူ” ဟူသော စည်းရုံးရေးကို သတိထားမိမည် ထင်ပါသည်။ ၎င်းသည် ဗုဒ္ဓဘာသာ တက္ကသိုလ်မှ စာသင်သား သံဃာများ၏ အစည်းအရုံးဖြစ်သည်။ ထိုအဖွဲ့သည် သံဃာတော်များ၏ ကျောင်းသားသမဂ္ဂဟု ကောက်ချက်ချပါသည်။ ထို့အစည်းအရုံးအားလည်း ကျောင်းသားအင် အားစုအဖြစ် သတ်မှတ်သင့်ပါသည်။ ကျောင်းသားညီညွတ်ရေး လှုပ်ရှားမှုတွင် ထို “သောသုဇန ဘိက္ခူ” အဖွဲ့အားထည့်သွင်းရမည်ဟု မြင်ပါသည်။ ဤသည် မကဒတ ရှေ့ဆက်လက်လှမ်းရမည့် နိုင်ငံရေးခြေလှမ်းများထဲမှ ပထမခြေလှမ်းပင်ဖြစ်သည်။ ကျောင်းသား ညီညွတ်ရေးမှတဆင့် တိုက်ပွဲဝင် အင်အားစုများ ညီ ညွတ်ရေးကို လှမ်းရပါမည်။ ယနေ့ဗမာပြည်၏ တိုက်ပွဲသော့ချက်သည် တိုက်ပွဲဝင်အင်အားစုများ ညီညွတ်ရေးပင်ဖြစ်သည်။ စစ်အာဏာရှင် တိုက်ဖျက်ရေး ရည်ရွယ် ချက်ဖြင့် ဘုံတူညီချက်ရှာကာ စစ်အာဏာရှင်တိုက်ဖျက်ရေး တိုက်ပွဲဝင်အင်အားစုများအား ညီညွတ်ရေး တည်ဆောက်ရမည် ဖြစ်သည်။ တိုက်မရရင် သူ့အောက်ဝင် ဆို သည့် အယူအမြင်ရှိသူများနှင့်၊ ကယ်တင်ရှင် မျှော်သူများနှင့်တော့ ညီညွတ်ရေး တည်ဆောက်ရန် မလိုပါ။ တတ်ကြွသည့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လုပ်ဟန်ရှိ သည့် မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမဆိုနှင့် ညီညွတ်ရေးတည်ဆောက်ရမည်။ အဓိက အားဖြင့် ပြည်တွင်းရှိ တိုက်ပွဲဝင် အင်အားစုများနှင့် ညီညွတ်ရေးကို တည် ဆောက်ရမည်ဖြစ်သည်။ ၂၁ ရာစု၏ ပထမမျိုးဆက်သည် အားကောင်းမောင်းသန်သော နိုးကြားမှုများဖြင့် ဗမာပြည်နိုင်ငံရေး စာမျက်နှာတွင် ရောက်ရှိလာချေပြီ။ ကမ္ဘာလောကတွင် ဖြစ်တည်နေ သမျှ အရာအားလုံးသည် သင်္ခါရ ဓမ္မသာလျှင် တည်မြဲသည်။ အဟောင်းချုပ်ငြိမ်းလျှင် အသစ်ဖြစ်တည်ပါသည်။ ဟောင်းနွမ်းဆွေးမြေ့နေသည့် အဟောင်း၏နေရာတွင် အသစ်သည် လက်ဆက်အားကောင်းစွာ အစားထိုးလေ့ရှိပါသည်။ ငါတို့လုပ်မှရမယ်၊ ငါတို့ခေါင်းဆောင်မှ ရမယ်ဟူသည့် ကယ်တင်ရှင်ဝါဒ အတွေးအခေါ်သည် ခေတ်မ မီတော့ပါ။ သခင်မျိုးဆက် နယ်ချဲ့ဆန့်ကျင်ရေး ကွင်းသို့ ၀င်ရောက်လာသောအခါ ၀ံဿနုမျိုးဆက် ဖယ်ပေးရပါသည်။ သမိုင်း သံဝေဂ သည် ယူတတ်လျင် မြတ်ပါ သည်။ တသီးတခြား အလေးပြုချင်သူ ရှိပါသည်။ ကျောင်းသားလှုပ်ရှားမှု ၇၀ စုနှစ်များ မျိုးဆက်ဖြစ်သည့် ရဲဘော် မောင်မောင်တိတ်ကို အလေးပြုပါသည်။ သူသည် ကျောင်း သား တိုက်ပွဲ အားလုံးကို အဆက်မပြတ်တမ်း တတ်ကြွသည့် အခန်းမှ လိုက်ပါခဲ့သည့် တိုးတတ်အင်အားစုဖြစ်ပါသည်။ ရိုသေထိုက်သူကို ရိုသေခြင်းသည် မင်္ဂလာရှိပါ သည်။
တပ်ဦးအခန်းကို မြင့်တင်ကြ စစ်အာဏာရှင်စနစ် မုချကျဆုံးရမည် ဒီအရေးတော်ပုံအောင်ရမည်