ပင်မ စာမျက်နှာ ကဗျာ ဆောင်းပါး စကာြးေ့ပ/၀တ္တု စာအုပ်စင် မြန်မာ့ ကွန်ယက် Download Zawgyi Font
အိပ်မက်ကြီးကို မီးလောင်တဲ့ ည
    ကျုပ်...သင့်ကို ပုရွက်ဆိတ်တကောင်ဖြစ်ခိုင်းလိုက်မယ်။
ပြီးတော့...
အင်္ဂါဂြိုလ်ပေါ်တက်
မှန်ပြောင်းကို ပြောင်းပြန်ဘက်ကကြည့်
အလို...သင်မရှိတော့ဘူး။

ကျုပ်...သင့်ကို နှားကြပ်တခု ဖြစ်ခိုင်းလိုက်မယ်။
ပြီးတော့...
တခုခု ဖွင့်ပြမယ်အလုပ်
ခလုပ်ပိတ်လိုက်မယ်လေ၊
အလို...သင်နှားကြပ်ထဲ ၀င်သွားပြီလား။

ကျုပ်...သင့်ကို ဗလာစာအုပ် ဖြစ်ခိုင်းလိုက်မယ်။
ပြီးတော့...
မှင်မရှိတဲ့ ဘောပင်နဲ့စာရေးစမ်းပါ
ဗလာစာအုပ်ဟာ ရှက်စရာမလိုဘူး
ဟုတ်ပလား
အလို...သင်ဖျားနေပြီ။

ဒါတွေဟာ ညကအိပ်မက်
ပုရွက်ဆိတ်တကောင်ကြောင့် မီးလောင်
ကျုပ်တို့...ဂြိုလ်သားယောင်ဆောင်ကြစို့လေ။ ။

(အခုတောက်လောင်နေတဲ့ ရင်ကိုဖွင့်ချထားတာ)
    ရဲထိန
 
ကိုယ်ရေး ရာဇ၀င် အကျဉ်း

မခင်သီနှင့် ချီတက်ခြင်း

ကုလားထိုင် စိုက်ပျိုးရေး
အိပ်မက်ကြီးကို မီးလောင်တဲ့ ည
လားတကောင် ဖတ်ဖို့ ဖတ်စာ
ပဲပြုတ်နဲ့နံပြား(သို့ ...... )ဗိုလ်ချုပ်သို့ တောင်းပန်စာ
လုံးနေသောလမ်းနှင့် လည်နေသောပုတီးစေ့များ
ထွက်သက်
ထင်းရှုး သေတ္တာများ
ပဥ္မမမြောက် ကြွက်
ဖရုဿညနေ
ဗီဇကြောင့်
ကတ္တိပါမင်းသား
ပုရစ်တွေ
အဟိ!
အဖ-သိစေအပ်ပါတယ်
ချာတိတ်

သန္ဓေမှသည်

 
 
 
©2007 - NYP webmaster@nguyinpyin.net မိုးစက် မျက်ရည် သွေးစက်တွေကြားက ရာဇ၀င် ရှင်ပြန်ထမြောက်လာလိမ့်မယ်