ပင်မ စာမျက်နှာ ကဗျာ ဆောင်းပါး စကာြးေ့ပ/၀တ္တု စာအုပ်စင် မြန်မာ့ ကွန်ယက် Download Zawgyi Font
ကုလားထိုင် စိုက်ပျိုးရေး
    ... ရာသီဥတုဟာ
ကျန်းမာရေးမလိုက်စားသူ မျက်နှာနဲ့
ရောက်လာခဲ့တဲ့ ညပေါ့။

... ဦးနှောက်အပေါက်ကြီး တခုထဲက
ရှတတ လေတွေ
အခန့်သားလာနေ
ဒီလေဟာ တယ်ယဉ်ကျေးဆိုပဲ။

... လူးတွန်သံကြားရ
အပြင်းစား နတ်ဘုရားတကောင်ရဲ့
ညာတောင်ပံ ရိုက်ခတ်သံလိုလို
ဘယ်တောင်ပံ ရိုက်ခတ်သံလိုလို။

... အလို ... ဒီရာသီပေါ့
ကုလားထိုင်တွေ စိုက်ပျိုးလို့ ကောင်းတဲ့ရာသီ
လှည်းကျိုး ထမ်းရတော့မယ့် ရာသီ။

... အနာဂိတ်ရဲ့
ဆွေတော်မျိုးတော် တယောက်လဲ
စိုက်ပျိုးဆဲ ကုလားထိုင်ခင်းမှာ
ခပ်ပျင်းပျင်း ... ထိုင် ...
ထ ...
ရေရွတ် ...
အမှန်တရားဟာ ...
ဖွတ်ချက်ကားနဲ့ လာနေပြီ။

... ညီညွတ်ရေးက
အိပ်ရေးမ၀သေးတဲ့ ၀က် ၀၀ကြီးလို
ဒီယိုင် ဟိုထိုး
ဟိုး ... ဆရာ ... ဟိုး ... ဟိုး ...
(ဖြတ်သန်းသွားလာခွင့်မပြု)
အခုလေးတင်
ကုလားထိုင် စိုက်ပျိုးပင်တွေ ကြဲထားတယ်။
    ကေးကေးဇံ
 
ကိုယ်ရေး ရာဇ၀င် အကျဉ်း

မခင်သီနှင့် ချီတက်ခြင်း

ကုလားထိုင် စိုက်ပျိုးရေး
အိပ်မက်ကြီးကို မီးလောင်တဲ့ ည
လားတကောင် ဖတ်ဖို့ ဖတ်စာ
ပဲပြုတ်နဲ့နံပြား(သို့ ...... )ဗိုလ်ချုပ်သို့ တောင်းပန်စာ
လုံးနေသောလမ်းနှင့် လည်နေသောပုတီးစေ့များ
ထွက်သက်
ထင်းရှုး သေတ္တာများ
ပဥ္မမမြောက် ကြွက်
ဖရုဿညနေ
ဗီဇကြောင့်
ကတ္တိပါမင်းသား
ပုရစ်တွေ
အဟိ!
အဖ-သိစေအပ်ပါတယ်
ချာတိတ်

သန္ဓေမှသည်

 
 
 
©2007 - NYP webmaster@nguyinpyin.net မိုးစက် မျက်ရည် သွေးစက်တွေကြားက ရာဇ၀င် ရှင်ပြန်ထမြောက်လာလိမ့်မယ်