ပင်မ စာမျက်နှာ ကဗျာ ဆောင်းပါး စကာြးေ့ပ/၀တ္တု စာအုပ်စင် မြန်မာ့ ကွန်ယက် Download Zawgyi Font
ကိုယ်ရေး ရာဇ၀င် အကျဉ်း

အမည်အရင်းမှာ မင်းအောင် ဖြစ်သည်။ ၁၉၆၂ ခုနှစ် မြန်မာ သက္ကရာဇ် ၁၃၂၆ တန်ခူး လဆန်း (၁၀) ရက်တွင် ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်၊ နှင်းသိကျေးရွာ၌ ဦးဟံသနှင့် ဒေါ်သန်းမြင့်တို့မှ မွေးဖွားသည်။ မွေးချင်း (၅) ယောက် အနက် အကြီးဆုံးသားဖြစ်သည်။

၁၉၈၂ ခုနှစ်တွင် အခြေခံပညာ အထက်တန်း အောင်မြင်ခဲ့သည်။

၁၉၈၆ ခုနှစ် စာပေးစာယူဖြင့် သင်္ချာဘွဲ့ ရရှိသည်။ မူလတန်းဆရာအဖြစ် အိမ်ခြေ လေးဆယ် တွဲဘက် (အ- ထ-က) ကျောင်း၌ ၀င်ရောက် လုပ်ကိုင်ခဲ့သည်။

ရှစ်လေးလုံး လူထုအုံကြွမှုကြီးတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပြီး၊ ၁၉၈၈ ခုနှစ်တွင် ပအိုဝ်း တော်လှန်ရေး နယ်မြေသို့ ရောက်ရှိခဲ့သည်။

၁၉၈၉ ခုနှစ်တွင် KNU နယ်မြေ (မကဒတ) ဗဟို၌ တပ်ရင်း (၆၀၁) ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီး၊ (မကဒတ) ဒုတိယအကြိမ် ညီလာခံကို ညီလာခံ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ သည်။

တပ်ရင်း (၆၀၁)တွင် ပြန်၍ ၁၉၉၀ ခုနှစ်မှ ၁၉၉၁ ခုနှစ်ထိ တပ်ခွဲမှူး တာဝန်၊ ၁၉၉၁ ခုနှစ်မှ ၁၉၉၅ ခုနှစ်ထိ တပ် ရင်းမှူး တာဝန်ကို ထမ်းဆောင်ခဲ့သည်။

တော်လှန်ရေး နယ်မြေ စာစောင် အသီးသီးတွင် တိုက်မောင်း၊ ရဲထိန်၊ ဒီရဲ၊ ဗိုလ်တိုက်၊ ကေးကေးဇံ စသည့် ကလောင်အမည်များဖြင့် ကဗျာများ ရေးသားခဲ့သည်။

၁၉၉၅ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် တော်လှန်ရေး နယ်မြေ တနေရာ၌ ကျဆုံးခဲ့သည်။

 
ကိုယ်ရေး ရာဇ၀င် အကျဉ်း

မခင်သီနှင့် ချီတက်ခြင်း

ကုလားထိုင် စိုက်ပျိုးရေး
အိပ်မက်ကြီးကို မီးလောင်တဲ့ ည
လားတကောင် ဖတ်ဖို့ ဖတ်စာ
ပဲပြုတ်နဲ့နံပြား(သို့ ...... )ဗိုလ်ချုပ်သို့ တောင်းပန်စာ
လုံးနေသောလမ်းနှင့် လည်နေသောပုတီးစေ့များ
ထွက်သက်
ထင်းရှုး သေတ္တာများ
ပဥ္မမမြောက် ကြွက်
ဖရုဿညနေ
ဗီဇကြောင့်
ကတ္တိပါမင်းသား
ပုရစ်တွေ
အဟိ!
အဖ-သိစေအပ်ပါတယ်
ချာတိတ်

သန္ဓေမှသည်

 
 
 
©2007 - NYP webmaster@nguyinpyin.net မိုးစက် မျက်ရည် သွေးစက်တွေကြားက ရာဇ၀င် ရှင်ပြန်ထမြောက်လာလိမ့်မယ်