ပင်မ စာမျက်နှာ ကဗျာ ဆောင်းပါး စကားပြေ/၀တ္တု စာအုပ်စင် မြန်မာ့ ကွန်ယက်
               
ထုတ်ပြန်ကြေညာချက်
၎-ဌာန ၀န်ထမ်းများ၏ ပူးတွဲကြေညာချက
ယနေ့ မှတ်တမ်း ဓါတ်ပုံ
စာအုပ်အညွှန်း
မတူသည့် ဘ၀အတွေ့အကြုံက မတူသည့်ဘ၀ပုံ သဏ္ဍန်ကို သယ်ဆောင်ကာ ပတ်ဝန်းကျင် အခြေအ နေက ဘ၀ကို  ချယ်လှယ်ဖန်တီးသည့် သဘောတရား အား ကမ္ဘာကျော်စာရေးဆရာကြီး ဂျက်လန်ဒန်က အနုပညာအား ကောင်းကောင်းဖြင့် ထုဆစ်ထားသည့် ၀တ္ထုအား ဆရာဂုဏ်ဝင်းမှ မြန်မာဘာသာပြန်ထား သည့် …

အရိုင်းခေါ်သံ>>

ကျနော့်ရဲ့ ဒုတိယဘာသာရေးဟာ ကဗျာဖြစ်တယ် … လို့ ဖွင့်ချထားတဲ့မောင်ချောနွယ်။  သူငယ်ချင်း ကိုဖော် ဝေးရေ ကျနော်တော့ တလက်မမှ ဆုတ်မပေးနိုင်တော့ ဘူးဗျာလို့ ရဲဘော်ကိုမြည်တမ်းရင်း မြန်မာကဗျာလမ်း ရဲ့ အခိုင်အမာ မော်ဒန် ကဗျာဆရာအဖြစ်ရပ်တည်ခဲ့သူ မောင်ချောနွယ်၏ ကဗျာရှည် ၅ ပုဒ်ကိုစုစည်းတင်ပြ ထားသည့် …
လူထုသပိတ်သည် သပိတ်မှ … လက်နက်ကိုင် သူပုန် ထမှုသို့ အားကောင်းမောင်းသန် ချီတတ်သွားမှုနှင့်ပတ် သက်၍ ရုရှားနိုင်ငံရေးသမားများ၏ နောက်ကောက် ကျမှု (သို့) မဆုတ်ကိုင်နိုင်မှုများအား စေ့ငုထားသည့် ဗီအိုင် - လီနင်၏ နိုင်ငံရေးစာပေလက်ရာအား ဗမာ ပြည်ကွန်မြူနစ်ပါတီမှ ဘာသာပြန်ထားသည့် …
အခွင့်အခါကောင်းတခုအတွက် အချိန်မီပြင်ကြစို့

ပဋိပက္ခဆိုတာ အခြေခံအကျိုးစီးပွားချင်း ဆန့်ကျင်ခြားနားနေတဲ့ ဘက်နှစ်ဘက်ရဲ့တိုက်ပွဲပဲ။ ဒီနေ့ နအဖ စစ်အုပ်စုနဲ့ မြန်မာပြည်သူ တရပ်လုံးအကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခဟာလဲ အရင်းခံအကျိုးစီးပွားဖြစ်တဲ့ နိုင်ငံရေး အာဏာကို ဗဟိုပြုပြီးဖြစ်နေတဲ့ တမျိုးသားလုံးဆိုင်ရာ ပြဿနာကြီးပဲ။

လက်ရှိကာလမှာ စစ်အုပ်စုဟာ သူ့အာဏာအကျိုးစီးပွားကို အာမခံကာကွယ်မယ့် ဖွဲစည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုတာကို စိတ်ကြိုက် တဖက်သတ် ရေးဆွဲပြီး တရားဝင်အတည်ပြုနိုင်အောင် အသေအလဲ ကြိုးပမ်းနေတယ်။ စစ်အုပ်စုအာဏာစက်နဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ဖွံ့၊ မီးသတ်၊ ကြက်ခြေနီ၊ အမျိုး သမီးအဖွဲ့ စတာတွေကို အသုံးချပြီး အတည်ပြုနိုင်အောင် ပြင်ဆင်နေတယ်။ ခါတော်မီ ကိုယ်ကျိုးရှာ အချောင်သမားတွေကို အတိုက်အခံနဲ့ နအဖ စစ်အုပ်စုကြားက တတိယအင်အားစုအဖြစ် ပုံ ဖော်နိုင်အောင်၊ ကောက်ကျစ်စွာ လုပ်ကြံနေတယ်။

ပြည်သူလူထုဘက်ကကြည့်ရင်လဲ စစ်အုပ်စုရဲ့ အခြေခံဥပဒေ တရားဝင်အတည်ဖြစ်သွားရင် ဒုက္ခသံသရာ ဆက်ရှည်ရတော့မယ်၊ ကိုယ့်ကိုကိုယ် သတ်သေတဲ့ ဘ၀မျိုး ရောက်တော့မယ် ဆိုတာကိုသိနေတယ်။ ဒီတော့ “တို့ကို ရာသက်ပန်ဖိနှိပ်မယ့် စစ်အုပ်စုအခြေခံဥပဒေကိုတော့ လက်မခံနိုင် ဘူးဟေ့၊ တို့လိုချင်တာ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်နဲ့ ဒီမိုကရေစီနည်းကျရေးဆွဲတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမျိုးသာ ဖြစ်တယ်ဟေ့” လို့ ကိုယ့်သ ဘောထားဆန္ဒကို ဒုတယအကြိမ် ထပ်မံဖော် ထုတ်ပြသရမယ့် အခြေအနေဖြစ်လာတယ်။

ဆိုလိုတာက နအဖရဲ့ အခြေခံဥပဒေဆိုတာကို ပြတ်ပြတ်သားသားပယ်ချမယ့်၊ တပြည်လုံး လက္ခဏာဆောင်တဲ့ လူထုတိုက်ပွဲကြီးတရပ်အတွက် ပြင် ဆင်ကြဖို့ အခြေအနေကတောင်းဆိုနေပြီ ဆိုတာပါပဲ။ အဲဒီလူထုတိုက်ပွဲကြီးကို ပြင်ဆင်မှုရှိရှိ မဖော်ထုတ်နိုင်ရင်တော့ နအဖ စစ်အုပ်စုအလိုကျ အ ပြောင်းအလဲဟာ မုချဖြစ်ပေါ်လာပြီး စစ်အုပ်စုအုပ်စိုးမှုဟာလဲ သက်ဆိုးရှည်ဦးတော့မှာ ဖြစ်တယ်။ ဒါဟာ လူတိုင်းလိုလို သိမြင်နေတဲ့အချက်ပဲ။

ဒါပေမဲ့ လူထုတိုက်ပွဲဆိုတာ ကိုယ်လုပ်ချင်တိုင်းလုပ်လို့ ရတာမျိုးတော့မဟုတ်ဘူး။ အဓိကအား ဖြစ်တဲ့ လူထုကြီးတရပ်လုံးက လက်ရှိအခြေအနေကို မလိုလားပဲမပြောင်းလဲရင် မဖြစ်တော့ဘူးဆိုတဲ့ နိုးကြားမှုရှိမရှိ ဆိုတဲ့အချက်။ အပြောင်းအလဲအတွက် တိုက်ပွဲဝင်ရာမှာလဲ ဘယ်သူ့မှ အားကိုးလို့မဖြစ်၊ ဥစ္စာရင်လို ဥစ္စာရင်ခဲလုပ်မှ ဖြစ်မယ်ဆိုတဲ့ ယုံကြည်မှုရှိမရှိဆိုတဲ့အချက်။ လူထုကတရားဝင် ရွေးချယ်လိုက်တဲ့ NLD ရဲ့ခေါင်းဆောင်မှု ဘယ်လောက် ရဲရင့်၊ ကြံ့ခိုင်သလဲ။ လူထုရှေ့ကထွက်ပြီး ထောင်ကျမှာမကြောက်၊ အသက်စွန့်ရမှာမကြောက်၊ ဘယ်လောက်ပြတ်ပြတ်သားသား ခေါင်းဆောင်နိုင်စွမ်း ရှိသလဲ ဆိုတဲ့အချက်။ NLD ရဲ့ခေါင်းဆောင်မှုကို တက်တက်ကြွကြွ ၀န်းရံအားဖြည့်မယ့် အတိုက်အခံနိုင်ငံရေးအင်အားစု (၀ဲ-ယာ၊ လက်နက်ကိုင် - လက်နက်မကိုင်၊ ဥပဒေတွင်း-ဥပဒေပ)တွေရဲ့ ဘုံလုပ်ငန်းစဉ်ပေါ် အခြေပြုထားတဲ့ညီညွတ်မှုအားကောင်းမကောင်း ဆိုတဲ့အချက်။ အဲဒီ အခြေခံလေး ချက်တော့ ပြည့်စုံရမယ်လို့မြင်တယ်။

လူထုကြီးကတော့ စစ်အာဏာရှင်စနစ်အောက်မှာ နှစ်ရှည်လများ ဒုက္ခပင်လယ်ဝေခဲ့ရတဲ့အတွက် အဲဒီဘ၀ကလွတ်မြောက်ချင်တာ ဘာမှသံသယရှိစ ရာမလိုဘူး။ ဒါကို ၈၈ ကတည်းက လက်တွေ့ကျကျ ဖော်ပြပြီးဖြစ်တယ်။ နိုင်ငံရေးအင်အားစုတွေရဲ့ ကျဲကွဲတဲ့ခေါင်းဆောင်မှုကြောင့် အောင်ပွဲဟာနီး လျက်နဲ့ ဝေးသွားရ တာလဲ ဖြစ်တယ်။

လူထုကြီးဟာ ဆိုးဝါးတဲ့လက်ရှိ အခြေအနေဆိုးကို၊ ဖြစ်နိုင်ရင် နောက်တနေ့အထိတောင် ရွှေ့ဆိုင်းမထားချင်ဘူး၊ နေ့ချင်းကိုပြောင်းလဲပစ်ချင်တဲ့ ဆန္ဒ ရှိနေတာအမှန်ပဲ။ ဒါပေမဲ့ အပေါ်ယံ အချင်းအရာအရကြည့်ရင် လူထုကြီးဟာ ပွဲကြည့်ပရိသတ်လို မြင်နေရတယ်။ ဒါကို တချို့နိုင်ငံရေး သုခမိန်များက အကြောက်ကြီးပြီး ခေါက်ရိုးကျိုးနေတဲ့ လူထုကြီးလို့ စော်ကားကြတယ်။ ကျူပ်ကတော့ အဲဒီလိုမမြင်ဘူး၊ လူထုကြီး ပွဲကြည့်ပရိသတ် အနေအထားမျိုး ဖြစ်နေရတာဟာ သူတို့ရွေး ချယ်လိုက်တဲ့ နိုင်ငံရေးပါတီ (NLD) ရဲ့ (အတွေးအခေါ်၊ နိုင်ငံရေး နဲ့လက်တွေ့) ခေါင်းဆောင်မှု၊ NLD ကိုဝန်းရံမယ့် အ တိုက်အခံအင်အားစုများရဲ စုစည်းညီညွတ်မူနဲ့ နီးနီးကပ်ကပ် ဆက်စပ်နေ တယ်လို့ ယူဆတယ်။

တကယ်လို့သာလက်ရှိ NLD ဗဟိုခေါင်းဆောင်များဟာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင် စတဲ့ခေါင်းဆောင်တွေလို ထောင်ကျမှာ မ ကြောက်၊ သေမှာမကြောက်ဘဲ လူထုထဲဆင်း လှုံ့ဆော်စည်းရုံးမယ်။ တဗိုလ်ကျ တဗိုလ်တက်စနစ်နဲ့ မတရားတဲ့အမိန့်အာဏာဟူသမျ ဖီဆန်ကြဆိုတဲ့ အတွေးအခေါ်လမ်းညွှန်ကို လက်တွေ့နဲ့ ပေါင်းစပ်မယ်။ NLD ကိုဝန်းရံမယ်၊ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေကလဲ ဘုံအကျိုးစီးပွား အခြေခံပေါ် မှာ လက်တွေ့ကျကျ ညီညွတ်မယ်ဆိုရင် လူထုကြီးဟာ ပွဲကြည့်ပရိသတ်အနေအထားကနေ တိုက်ပွဲဝင်သူတွေအဖြစ် ပြောင်းလဲလာမှာ သေချာတယ်။

လက်ရှိ NLD ခေါင်းဆောင်မှုက လူထုဆန္ဒအကျိုးစီးပွားကို ထင်ဟပ်ပြရာမှာ သဘောတရား အရရော၊ လက်တွေ့အရပါ လူထုကြီးရဲ့ ယုံကြည်အား ထားမှုကို ခိုင်ခိုင်မာမာရအောင် မလုပ်နိုင်ကြဘူး။ နအဖ စစ်အုပ်စုကို တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့နည်းနဲ့ ပြဿနာကို အဖြေရှာဖို့တောင်းဆိုတယ်၊ ကြေညာချက်တွေထုတ်တယ်။ မီဒီယာတွေနဲ့ဗျူးတယ်။ အခမ်းအနားတွေကျင်းပကြ၊ မိန့်ခွန်း တွေပြောကြတယ်။ နအဖစစ်အုပ်စုကတော့ ဂရုမစိုက် ဘူး။ သူလုပ်စရာရှိတာ၊ ပြင်စရာရှိတာတွေကို တခုပြီးတခု ပြင်ဆင်လုပ်ဆောင်တယ်။ NLD ကတော့ နအဖ လုပ်ရပ်နဲ့ပတ်သက်လို့ ကြိုဆိုလိုက် ကန့် ကွက်လိုက်နဲ့ပဲ အချိန်တွေကုန်လာရတယ်။ မပြေးသော်လဲ ကန်ရှိရာဆိုသလို အမေရိကန် အကူအညီနဲ့ပဲ ဒီမိုကရေစီရတော့မလိုလို၊ တရုတ်ကို နားဝင် အောင် ဖြောင်းဖျနိုင်ရင်ပဲ အလုပ်ဖြစ်တော့မလိုလို၊ အာစီယံနဲ့ ကုလသမဂ္ဂအစွမ်းနဲ့ပဲ အပြောင်းအလဲဖြစ်တော့မလိုလိုစတဲ့ မလိုလိုတွေနဲ့ပဲ အိပ်မက် မက်နေခဲ့ကြတယ်။ လူထုကြီးကိုလဲ အဲဒီလိုထင်ယောင်မှား အတွေးအခေါ်တွေပဲ ပေးနေခဲ့တယ်။ ပြည်ပရောက် ဒီမိုကရေစီ အင်အားစု အများစုဟာလဲ ထိုနည်းလည်းကောင်းလို့ပဲ ဆိုရမှာပဲ။ ဒါဟာ ခေါင်းဆောင်မှုနေရာယူထားတဲ့ နိုင်ငံရေးအင်အားစုများရဲ့ မိမိကိုယ်ကိုယုံကြည်မှုနည်းတဲ့၊ မိခင်လူထုအ ပေါ် ယုံကြည်မှုနဲတဲ့ အတွေးအခေါ်ရဲ့ ဖော်ပြချက်တွေလို့ပဲ ယူဆတယ်။

လူထုကြီးလိုလားတာက ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့လို ထောင်ကျမှာ မကြောက်၊ သေရမှာမကြောက်၊ ကိုယ်ကျိုးစွန့်ဝံ့တဲ့၊ လူ ထုထဲဆင်းပြီး လူထုကိုရဲရဲလှုံ့ဆော်စည်းရုံးတဲ့ ခေါင်းဆောင်မှုမျိုးဖြစ် တယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ လူထုတွင်းဆင်းပြီး လူထုကို ရဲရဲလှုံ့ ဆော်စည်းရုံးနိုင်စဉ်က အခြေအနေကို ပြန်တွေးကြည့်။ နအဖ စစ်အုပ်စုက အမျိုးမျိုးဖိနှိပ် ခြိမ်းခြောက်နေတဲ့ကြားက လူထုကြီးရဲ့ တက်ကြွတဲ့အုံကြွ လိုက်ပါမှုကို ပြန်စဉ်းစားကြည့်။ လူထု ကြီးရဲ့ဉာဏ်အမြော်အမြင်နဲ့ သတ္တိကိုတွေ့ရလိမ့်မယ်။

ဆိုလိုတာက ဒီနေ့အဓိကရင်ဆိုင်နေရတာက လူထုကြီးငြိမ်နေတဲ့ ပြဿနာမဟုတ်ဘူး။ လူထုကြီးကို ရှေ့ကဦးဆောင်နေတဲ့၊ အဓိကတာဝန်ရှိတဲ့ NLD အပါအ၀င် နိုင်ငံရေးအင်အားစုများရဲ့ ခေါင်းဆောင်နိုင်စွမ်း ပြဿနာဖြစ်တယ်။ လူထုကြီးကတော့ ခေါင်းဆောင်မှုမပြတ်သားရင်၊ နိုင်ငံရေးအင်အားစု များ မညီမညွတ် တယောက်တပေါက်ဖြစ်နေရင် ဘာအောင်ပွဲမှ မရနိုင်ဘူးဆိုတာ သူတို့ကိုယ်ပိုင်ဘ၀ အတွေ့အကြုံများအရ နောကြေ နေပြီ။ ပုဇွန်လုံးရမလားဆိုတဲ့ မျော်လင့်ချက်နဲ့ ပုဇွန်တွင်းထဲလက်နှိုက်ရာက ပုဇွန်လုံးရဖို့နေနေသာသာ လက်တောင်မနည်း ဆွဲနုတ်ရတဲ့အဖြစ်မျိုး တွေ့ကြုံရ ပေါင်းများတော့ လူထုကြီးက သိပ်သတိထားတယ်။

ဒီနေ့ ကျုပ်တို့တိုင်းပြည်ရဲ့ အထွေထွေပြဿနာမှန်သမျကို အရင်းအမြစ်ကနေ ကိုင်လှုပ်ပြောင်း လဲပစ်နိုင်တဲ့ တန်ခိုးရှင်ကတော့ ရဲရင့်ပြတ်သားပြီး၊ တဗိုလ်ကျတဗိုလ်တက်စနစ်နဲ့ ကြံ့ခိုင်စည်းလုံးတဲ့ ခေါင်းဆောင်မှုရှိတဲ့ အထွေထွေ လူထုတိုက်ပွဲကြီးပဲ။

အဲဒီလို တိုက်ပွဲကြီးမျိုးကသာ တပ်မတော်နဲ့စစ်အုပ်စုကို ပြတ်ပြတ်ထင်ထင် ခြားနားပစ်နိုင်တယ်။ တပ်မတော်ထဲမှာ အခြေအနေအကြောင်း အမျိုးမျိုး ကြောင့် ငုပ်နေကြရတဲ့ တိုင်းချစ်ပြည်ချစ် တပ်မှူးကြီးငယ်၊ အကြပ် တပ်သားတွေအတွက် အခွင့်သာမှုတွေလမ်းပွင့်လာပြီး လူထုကြီးနဲ့အတူ ဗြောင်ရပ် တည်လာနိုင်မယ်။ မချစ်သော်လည်း အောင့်ကာနမ်းနေရတဲ့ အပစ်ရပ်အဖွဲ့တွေဟာ နအဖစစ်အုပ်စုနဲ့ ပြောင်လမ်းခွဲပြီး လူထုကြီးနဲ့အတူ ရပ်တည်လာ နိုင်မယ်။ ဒီလိုပြောတော့ တပ်မတော်တွင်းက တိုင်းချစ်ပြည်ချစ်အင်အားစုတွေ၊ အပစ်ရပ်အဖွဲ့တွေအပေါ် အကောင်းမြင်လွန်းတယ်၊ မျော်လင့်ချက်ထား လွန်းတယ်လို့ ပြောချင်ပြောကြမယ်။

ကျုပ်ကတော့ ရဲရင့်ပြတ်သားတဲ့၊ စုစည်းညီညွတ်တဲ့ ခေါင်းဆောင်မှုနဲ့သာ လူထုတိုက်ပွဲကြီးကို ခေါင်းဆောင်နိုင်ရင် တပ်မတော်တွင်းက ပြည်သူ့ဘက် တော်သားတွေ၊ အပစ်ရပ်အဖွဲ့တွေအပေါ် မျော်လင့်ချက်ဟာ လက်တွေ့ ဖြစ်လာမယ်လို့ကို ယုံကြည်တယ်။

လက်ရှိတပ်မတော်တွင်းအခြေအနေဟာ ၈၈ နဲ့ ၈၈ မတိုင်ခင်ကအခြေအနေနဲ့ မတူတော့ဘူး။ နအဖ စစ်အုပ်စုအုပ်စိုးမှုအောက်မှာ တတိုင်းပြည်လုံး တနေ့တခြားကြုံတွေ့လာရတဲ့ အထွေထွေအကြပ်အတည်းရဲ့ ဂယက်တွေကိုတပ်တွင်းမှာလဲ ရိုက်ခတ်နေတာဖြစ်တယ်။ စစ်အုပ်စုလက်တဆုပ်စာနဲ့ သူ့လက်ဝေခံတွေသာ ကြီးပွားချမ်းသာပြီး သူတို့ (တပ်မတော်သားများစုကြီး) အပါအ၀င် ပြည်သူတရပ်လုံး ဒုက္ခရောက်နေရတယ် ဆိုတာလဲ ကိုယ် တွေ့ကြုံနေရတာဖြစ်တယ်။ လက်ရှိဖြစ်ပေါ် နေတဲ့ ဥပဒေတွင်းလှုပ်ရှားမှု (သေးငယ်သည့်တိုင်) များကလဲ သူတို့ကို နိုင်ငံရေးအသိပညာ ပေးနေတယ်။ ၉၀ ပြည့်ရွေးကောက်ပွဲကတည်းက သူတို့ရဲ့ စစ်အာဏာရှင်စနစ် မလိုလားမှုကို ဖော်ပြခဲ့တဲ့ တပ်တွင်းအင်အားစုတွေဟာ ဒီနေ့လဲ လူထုအုံကြွမှုကြီးသာ ပေါ်ရင် အဲဒီအခွင့်အလမ်း ကို အသုံးချပြီး သူတို့ဆန္ဒကို ဖော်ထုတ်ပြသကြဦးမှာပဲ။ ၈၈-၉၀ အတွေ့အကြုံတွေကို သင်ခန်းစာ ယူပြီး ပိုမိုကောင်းမွန်တဲ့၊ နည်းနာတွေနဲ့ လူထုကြီးဘက်က ရပ်တည်နိုင်အောင် လုံးပန်းကြဦးမှာပဲ။ ဒါပေမဲ့ လူထုတိုက်ပွဲနဲ့ ကင်းပြီး သူတို့ချည်းတော့ ဘာမှဖြစ်မြောက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။

အပစ်ရပ်အဖွဲ့တွေဟာလဲ၊ သူတို့အကြပ်အတည်းက အသက်ရှုပေါက်ရဖို့ နအဖစစ်အုပ်စုနဲ့ အပစ်ရပ်ခဲ့ကြ တာဖြစ်တယ်။ အပစ်ရပ်ကာလအတွင်း နိုင်ငံရေးအရ အဖျက်ဆီးခံရတဲ့ အနေအထား တချို့ရှိပေမဲ့၊ အများတကာ့ အများစုကြီးကတော့ နအဖဆီမှာ အကြွင်းမဲ့ဒူးထောက်ရမယ့် အဖြစ်မျိုးကို မလိုလားကြဘူး။ လက်နက် မစွန့်လိုကြဘူး။ လက်နက်အပြီးအပိုင်စွန့်တာနဲ့ သူတို့ဘ၀ပျက်ပြီဆိုတာ သိကြတယ်။ ဒါကြောင့် သူတို့လဲ လူထုတိုက် ပွဲကြီးကို မျှော်နေကြတာပဲ။ လူထုတိုက်ပွဲကြီးသာ အချိန်မီပေါ်လာရင် အဲဒါကို အခွင့်ကောင်းယူပြီး၊ သူတို့အကျိုးစီးပွား (သူတို့လူမျိုး အကျိုးစီးပွား) အတွက် လူထုတိုက်ပွဲကြီးနဲ့ ပူးပေါင်းလာကြမှာပဲ။ ဒါကြောင့်လဲ အများစုက လက်နက်မစွန့်ရရေးကို နည်းအမျိုးမျိုးနဲ့ အချိန်ဆွဲနေတာဖြစ်တယ်။ နအဖ စစ်အုပ်စုကတော့ ဖြစ်ပေါ်လာမယ့် လူထုအုံကြွမှု မတိုင်မီ အပစ်ရပ်အဖွဲ့တွေကို အမြန်လက်နက်ဖြုတ်ချင်တယ်။ အကြောင်းကတော့ လူထုအုံကြွမှုနဲ့ အပစ်ရပ် အဖွဲ့အစည်းတွေရဲ့လှုပ်ရှားမှု ပေါင်းစည်းသွားမှာကိုကြောက်လို့ပဲ။
ချုပ်လိုက်ရင် အပြောင်းအလဲကတော့ ဖြစ်ကိုဖြစ်တော့မှာပဲ။ နအဖစစ်အုပ်စုအလိုကျ အပြောင်း အလဲလား၊ ပြည်သူလူထုအလိုကျ အပြောင်းအလဲ လားဆိုတာတော့ ရှေ့ဆောင်နိုင်ငံရေးပါတီ NLD ဟာ ရဲရင့်ပြတ်သားတဲ့၊ လူထုနဲ့တသားတည်းရှိတဲ့ ခေါင်းဆောင်မှုပေးနိုင်မပေးနိုင်၊ ဒီမိုကရေစီ အင် အားစုများရဲ့ စည်းလုံးညီညွတ်မှုရှိမရှိ အပေါ်တည်တာပဲ။

ရှေ့ဆောင်ပါတီ NLD က ရဲရင့်ပြတ်သားတဲ့ ခေါင်းဆောင်မှုကိုပေးနိုင်ရင်၊ အတိုက်အခံ ဒီမိုကရေစီ အင်အားစုမှန်သမျ သွေးစည်းညီညွတ်ရင် လူထု ကြီးကလဲ ပွဲကြည့်ပရိသတ်ကနေ တိုက်ပွဲ ၀င်အင်အားစုကြီးဖြစ်လာမှာပဲ။ တပ်မတော်တွင်းက ပြည်သူ့ဘက်တော်သားတွေ၊ အပစ်ရပ်အဖွဲ့တွေ ကလဲ အဲဒီတိုက်ပွဲမှာ ပါဝင်လာမှာပဲ။ အဲဒီလိုပဲကျုပ်ယုံကြည်တယ်။

ဒါပေမဲ့ အချိန်ဆွဲလို့တော့မရဘူး။ နအဖရဲ့ဖွဲစည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲအမှီ အခုကတည်း က ပြင်သင့်တာ ပြင်ကြဖို့လိုမယ်။
     အခွင့်အခါကောင်းတခုဟာ အချိန်မီမဆုပ်ကိုင်နိုင်ရင် လက်လွှတ်ဆုံးရှုံးရမြဲဆိုတာ အများသိမို့ အားလုံး သတိရှိကြလိမ့်မယ်လို့ထင်ပါတယ်။

ကိုရင်ဒေါင်း

 

ဆက်သွယ်ရန် editorgroup@nguyinpyin.net