လက်ရုံး နှလုံး မာနဓားက လေပြင်းကြမ်းကြမ်း အပင်းအမှောင့် နှင်းခဲပေါက်လည်း မညွှတ်မကျိုး ဖယောင်းမီးမျိုး မဟုတ်တာကို သမိုင်း မျက်ဝါးထင်ထင်ပြခဲ့ပြီ
ဆောင်းဟာ မီးပွင့်မတတ် မာန်ဖီပေါက်ကွဲနေ သက္ကရာဇ်တွေ တိတ်ဆိတ်ငြိမ်သက် ပြာသို နှင်းတမနက် ကိုယ့်အသက်ရှူသံ ကိုယ်နာခံရင်း ရိုးမမြစ်တစင်း သွေးခုန်တယ်။
ဗိုလ်ချုပ်အောင်ဆန်း
လက်တွေ့ ထင်ရှားသော သာဓက တခုကိုပြအံ့။ နိုင်ငံနှင့်အနှံ့ ပြန့်ကာရှိသော ဓါးပြမှုများကို ကြည့်ပါကုန်။ မြို့ ရွာများကို ဓါးပြ ဘေးရန်မှ ကာကွယ်ရန်အတွက် ရဲအဖွဲ့၏ အကာအကွယ်ချည်း အားကိုးနေမည်ထက် မိမိတို့ အချင်းချင်း စည်းလုံးကာကွယ်မှုကို ပိုအား ထားရမည် မဟုတ်ပါလော။ အသေးအဖွဲကစ အစိုးရလိုက်၍ စွက်နိုင်မည် မဟုတ်ချေ။ မြို့တိုင်းရွာတိုင်းတွင် မြို့သား၊ ရွာသားများသည် မြို့ရွာကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်း ကာကွယ်နိုင် ရမည်။
ခင်မမမျိုး
ဒုတိယ အမျိုးအစားများမှာကား အာဏာရှင်ဟောင်းကြီး၏ ပညာတတ် ဇနီးသည်တစ်ယောက်မှ မွေးမြူထား ခဲ့သော တပည့်များ ဖြစ် သည်။ ထိုသူများမှာလဲ နည်းမျိုးစုံသော ထောက်ပံ့မှုများဖြင့်၊ ပြည်ပနိုင်ငံ အရပ်ရပ် တွင် အဆင့်မြင့်ပညာရပ်များ ဆည်းပူးခွင့်ရခဲ့ပြီး မဟာဝိဇ္ဇာဘွဲ့များ၊ ပါရဂူဘွဲ့များ ရရှိခဲ့သူများဖြစ်သည်။
ခင်လွန်း
လောလောလတ်လတ် ပြည်သူတွေ ရဟန်းသံဃာတွေ ကျောင်းသား ကျောင်းသူတွေ ဖြူဖြူမည်းမည်း ပုပုရွရွ မြင်သမျှမီးကုန်ယမ်းကုန်ပစ်ခတ်သတ်ဖြတ်ပြီး အာဏာ သိမ်းထားတဲ့ စစ်တပ်အောက် သူတို့ခိုင်းရာလုပ်ရမယ့် လူကြီးမျိုးဆိုတော့ ဘယ်သူက လုပ်ချင်မှာတဲ့ လဲဗျာ၊ ဆိုတော့ အားလုံးလက်ရှောင် ဘေးထိုင် ငြိမ်ကုပ်နေ ရတဲ့ ကာလမျိုးကိုး၊ စစ်တပ်က သူတို့နဲ့ လက်တွဲမလုပ်ချင်မှန်းသိတော့ လက်သင့်ရာ ခိုင်းလို့ရတဲ့လူခေါ်ခိုင်း။
မြင့်ဇေ
ငုရင်ပြင်ရဲ့ အယ်ဒီတာ့ အာဘော်ဖြစ်တဲ့ "တတိယ လူထုလှိုင်းဆီသို့" ကို ရေးသားပေးခဲ့သော ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂ ဥက္ကဌ (၈၈ - ကာလ) ကိုနေလ၊ (မကဒတ) ကျောင်းသား တပ်မတော် တပ်ဖွဲ့ဝင် ရဲဘော် မြင့်အောင်၊ ကဗျာ၊ ဆောင်းပါး၊ အက်ဆေး၊ ၀ထ္ထုများအား ပွင့်သစ် (ကရိန်ကန်)၊ မြင့်ဇေ စသည့် ကလောင် အမည်များဖြင့် ရေးသားခဲ့သူ၊ ကျဆုံး ကွယ်လွန်သွားပါသဖြင့် ငုရင်ပြင်မှ ၀မ်းနည်းကြေကွဲမိပါကြောင်းနှင့် ကျဆုံး ကွယ်လွန်သွား ဘလော့ခ်ဂါ ကိုဖိုးဇေ အား ဂုဏ်ပြုသောအားဖြင့် သူရေးသားထားသည့် "လွတ် မြောက်ရေး တိုက်ပွဲတွေ ရှိရာဆီ ကျနော် လာခဲ့တယ်" အက်ဆေးတပုဒ်အား ဖေါ်ပြလိုက်ပါသည်။
လက်တွေ့သမိုင်း သင်ခန်းစာများ
ကဗျာ စာစုများ